---
title: Covid-19 အချိန်အတွင်း ဘယ်လိုအလုပ်တွေလုပ်ဆောင်ထားခြင်းကသင့် business ကို သူများတွေထက် ရှေ့ရောက်စေမလဲ
description: Covid-19 အချိန်အတွင်း ဘယ်လိုအလုပ်တွေလုပ်ဆောင်ထားခြင်းကသင့် business ကို သူများတွေထက် ရှေ့ရောက်စေမလဲ
image: https://blog.b360group.com/hubfs/blog2.png
---

[![Frame 586-5](https://blog.b360group.com/hs-fs/hubfs/Frame%20586-5.png?width=80&name=Frame%20586-5.png)](http://www.b360mm.com)

- [Home](https://www.b360mm.com/)
- [Services](https://www.b360mm.com/services/) 
    - [Branding & Design](https://www.b360mm.com/branding-design/) 
          - [Brand Development](https://www.b360mm.com/brand-development/)
          - [Buyer Persona development](https://www.b360mm.com/buyer-persona-development/)
          - [Growth Driven Design](https://www.b360mm.com/growth-driven-design/)
    - [Full Inbound Services](https://www.b360mm.com/full-inbound-services/) 
          - [Inbound Marketing](https://www.b360mm.com/inbound-marketing/)
          - [Inbound Sales](https://www.b360mm.com/inbound-sales/)
          - [Inbound Training](https://www.b360mm.com/inbound-training/)
    - [Marketing Automation](https://www.b360mm.com/marketing-automation/) 
          - [Lead Generation and Nurturing](https://www.b360mm.com/lead-generation-and-nurturing/)
          - [Email Marketing](https://www.b360mm.com/email-marketing/)
          - [Full Funnel Services](https://www.b360mm.com/full-funnel-services/)
    - [Digital Marketing](https://www.b360mm.com/digital-marketing/) 
          - [Digital Planning](https://www.b360mm.com/digital-360-planning/)
          - [Social Media Marketing](https://www.b360mm.com/social-media-marketing/)
          - [Other Services](https://www.b360mm.com/other-services/)
    - [Account-Based Marketing (ABM)](https://www.b360mm.com/account-based-marketing-abm/)
    - [Behaviour-Based Marketing](https://www.b360mm.com/behaviour-based-marketing/)
- [Software](https://www.b360mm.com/software/) 
    - [HubSpot](https://www.b360mm.com/software/)
- [Training](https://www.b360mm.com/sales-enablement/) 
    - [Sales Enablement](https://www.b360mm.com/sales-enablement/)
    - [Inbound Training](https://www.b360mm.com/inbound-training/)
- [Blog](https://blog.b360mm.com/blog)
- [Contact](https://www.b360mm.com/contact/)
- Search

- [Home](https://www.b360mm.com/)
- [Services](https://www.b360mm.com/services/) 
    - [Branding & Design](https://www.b360mm.com/branding-design/) 
          - [Brand Development](https://www.b360mm.com/brand-development/)
          - [Buyer Persona development](https://www.b360mm.com/buyer-persona-development/)
          - [Growth Driven Design](https://www.b360mm.com/growth-driven-design/)
    - [Full Inbound Services](https://www.b360mm.com/full-inbound-services/) 
          - [Inbound Marketing](https://www.b360mm.com/inbound-marketing/)
          - [Inbound Sales](https://www.b360mm.com/inbound-sales/)
          - [Inbound Training](https://www.b360mm.com/inbound-training/)
    - [Marketing Automation](https://www.b360mm.com/marketing-automation/) 
          - [Lead Generation and Nurturing](https://www.b360mm.com/lead-generation-and-nurturing/)
          - [Email Marketing](https://www.b360mm.com/email-marketing/)
          - [Full Funnel Services](https://www.b360mm.com/full-funnel-services/)
    - [Digital Marketing](https://www.b360mm.com/digital-marketing/) 
          - [Digital Planning](https://www.b360mm.com/digital-360-planning/)
          - [Social Media Marketing](https://www.b360mm.com/social-media-marketing/)
          - [Other Services](https://www.b360mm.com/other-services/)
    - [Account-Based Marketing (ABM)](https://www.b360mm.com/account-based-marketing-abm/)
    - [Behaviour-Based Marketing](https://www.b360mm.com/behaviour-based-marketing/)
- [Software](https://www.b360mm.com/software/) 
    - [HubSpot](https://www.b360mm.com/software/)
- [Training](https://www.b360mm.com/sales-enablement/) 
    - [Sales Enablement](https://www.b360mm.com/sales-enablement/)
    - [Inbound Training](https://www.b360mm.com/inbound-training/)
- [Blog](https://blog.b360mm.com/blog)
- [Contact](https://www.b360mm.com/contact/)
- Search

Search

Search for:

[![Share on facebook](https://7528309.fs1.hubspotusercontent-na1.net/hub/7528309/hubfs/raw_assets/public/mV0_d-web-default-modules_hubspot/img/facebook-color.png?width=24&name=facebook-color.png)](http://www.facebook.com/share.php?u=https%3A%2F%2Fblog.b360group.com%2Fblog%2Fwhy-your-business-need-digitalmarketing-during-pandemic%3Futm_medium%3Dsocial%26utm_source%3Dfacebook)

[![Share on twitter](https://7528304.fs1.hubspotusercontent-na1.net/hub/7528304/hubfs/raw_assets/public/mV0_d-web-default-modules_hubspot/img/twitter-color.png?width=24&name=twitter-color.png)](https://twitter.com/intent/tweet?original_referer=https%3A%2F%2Fblog.b360group.com%2Fblog%2Fwhy-your-business-need-digitalmarketing-during-pandemic%3Futm_medium%3Dsocial%26utm_source%3Dtwitter&url=https%3A%2F%2Fblog.b360group.com%2Fblog%2Fwhy-your-business-need-digitalmarketing-during-pandemic%3Futm_medium%3Dsocial%26utm_source%3Dtwitter&source=tweetbutton&text=)

[![Share on linkedin](https://7528302.fs1.hubspotusercontent-na1.net/hub/7528302/hubfs/raw_assets/public/mV0_d-web-default-modules_hubspot/img/linkedin-color.png?width=24&name=linkedin-color.png)](http://www.linkedin.com/shareArticle?mini=true&url=https%3A%2F%2Fblog.b360group.com%2Fblog%2Fwhy-your-business-need-digitalmarketing-during-pandemic%3Futm_medium%3Dsocial%26utm_source%3Dlinkedin)

[![Share on pinterest](https://7528311.fs1.hubspotusercontent-na1.net/hub/7528311/hubfs/raw_assets/public/mV0_d-web-default-modules_hubspot/img/pinterest-color.png?width=24&name=pinterest-color.png)](http://pinterest.com/pin/create/button/?url=https%3A%2F%2Fblog.b360group.com%2Fblog%2Fwhy-your-business-need-digitalmarketing-during-pandemic%3Futm_medium%3Dsocial%26utm_source%3Dpinterest&media=)

# Covid-19 အချိန်အတွင်း ဘယ်လိုအလုပ်တွေလုပ်ဆောင်ထားခြင်းကသင့် business ကို သူများတွေထက် ရှေ့ရောက်စေမလဲ

**Written By B360 Team**

![blog2](https://blog.b360group.com/hs-fs/hubfs/blog2.png?width=1200&height=628&name=blog2.png "blog2")

## Covid-19 အချိန်အတွင်း ဘယ်လိုအလုပ်တွေလုပ်ဆောင်ထားခြင်းကသင့် business ကို သူများတွေထက် ရှေ့ရောက်စေမလဲ

          Covid-19 ဟာ ကမ္ဘာပေါ်မှာရှိသမျှ လူတိုင်းရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုခြိမ်းခြောက်တပ်လှန့်နေကြတာသိကြမှာပါ။ ကပ်ဆိုးတစ်ခုဖြစ်လာတဲ့အခါ လူမှုအသိုင်းအဝိုင်း social class တွေကနေစတင်ထိခိုက်ရုံမကပါဘူး အဲ့ဒီ social class တွေအပေါ်မှာ အမှီပြုနေရတဲ့ စီးပွားရေး လူမှုရေး ပညာရေး စတာတွေပါ ဆိုးဆိုးရွားရွားထိခိုက်တာပါပဲ။  
        အသိသာဆုံးအထင်ရှားဆုံးအချက်က ကပ်ရောဂါဟာ လူသားအချင်းချင်းကနေ ကူးစက်တတ်တဲ့ ရောဂါဖြစ်တဲ့အတွက်  
ပထမဆုံး လူသားအချင်းချင်း contact လုပ်ထိတွေ့ရတဲ့ အလုပ်အကိုင်တွေ မှန်သမျှ နေ့ချင်းညချင်း ကမ်းပါးပြိုကျသလို ရေစုန်မျောကုန်ပါတယ်။  
          အပြင်ကမ္ဘာကြီးပေါ်မှာ ထိတွေ့အလုပ်လုပ်ရတာတွေကို အစိုးရကအစ တားမြစ်လိုက်ပြီး digital ပေါ်ကို အလုပ်တွေအကုန်ရောက်ကုန်တာက သတိထားစရာအချက်ဖြစ်မှာပါ။ ယနေ့blog မှာ အဓိက ထားပြောသွားမယ့် အကြောင်းအရာကလဲ business တွေအနေနဲ့ဒီ covid-19 အပြောင်းအလဲမှာ digital ကိုအသုံးပြုပြီး ဘယ်လို ရှင်သန်မလဲ ရှင်သန်ရုံနဲ့မပြီးဘူး စီးပွားပြန်တက်လာချိန် သူများတွေထက် ရှေ့ရောက်နေစေမယ့်Business planning and prediction တွေကို ဒီမှာအများဆုံးသွားပြောမှာပါ။

![blog2](https://blog.b360group.com/hs-fs/hubfs/blog2.png?width=1200&name=blog2.png)

## Recession ဆိုတာဘာလဲ

          Recession ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ.့စီးပွားရေးကျဆင်းမှု ကမ္ဘာကြီးရဲ့ စီးပွားရေးကျဆင်းမှုအခြေအနေတစ်ရပ်ကိုဖော်ပြခြင်းဖြစ်ပါတယ်။ လက်ရှိ covid-19 ဟာ ကိုယ့်နိုင်ငံမှာမကပါဘူး တစ်ကမ္ဘာလုံးကိုပါ unprepared economic downsize ဖြစ်သွားစေနိုင်တဲ့ ကပ်ဆိုးကြီးတစ်ခုပါ။ ဘယ်သူမှဒီလိုဖြစ်မယ်မှန်း ကြိုမတွေးထားမိကြပါဘူး။ ထပ်ပြီးအံ့သြဖို့ကောင်းတဲ့ data အချက်အလက်ကိုပြောပါဆို 2007 ကနေ 2009 ခုနှစ်ထိဖြစ်သွားခဲ့တဲ့ ကမ္ဘာ့ စီးပွားပျက်ကပ်ဟာ တစ်နှစ်အတွင်းမှာမှ 60% ပဲ ကျခဲ့တာပါ။ခု Coivd ကတော့ တစ်ကမ္ဘာလုံးစီပွားပျက်ကပ်ကို တစ်လအတွင်းမှာ 32% ထိကျသွားစေခဲ့တာပါ။ ဒါဟာ အရမ်းကိုမြန်ဆန်ပြီး အခြေအနေဆိုးရွားလွန်းတဲ့ Recession ဖြစ်ပါတယ်။

V-Shape Recession

          V-Shape Recession ဆိုတာက စီးပွားရေးအခြေအနေတစ်ခုဟာ အခြေအနေတစ်ရပ်ကြောင့်ထိုးဆင်းသွားပြီးခဏတာပဲ crisis ဖြစ်သွားချိန် v-shape မျည်းလို ကျနေရာကနေ အပေါ်ကို ပြန်တက်သွားတဲ့ recession အမျိုးအစားပါ လက်တွေ့ဥပမာပြရမယ်ဆို China ဟာ V-shape Recession အမျိုးအစားမှပါပါတယ်။ ရောဂါပိုး စဖြစ်တယ်။ ပိုးကို အချိန်မှီကန့်သတ်ထိန်းချုပ်နိုင်လိုက်ပြီး စီးပွားရေးကို ချိန်ကိုက် အပေါ်ပြန်ဆွဲတင်နိုင်ခဲ့ပါတယ်။ အခုဆိုရင် china ဟာ နိုင်ငံတကာကိုဆေးပစ္စည်းတါ လှုဒါန်းပေးပို့ရုံမက other medical accessories တွေကိုပါ တင်ပို့နေရပါပြီ။

U-Shape Recession

          U-Shape Recession ဆိုတာ စီးပွားရေးအခြေအနေတစ်ခုဟာ crisis တစ်ခုကြောင့် ကျဆင်းရာကနေ V-shape ကဲ့သို့ချက်ချင်းပြန်လည်မထမတ်နိုင်ပဲ U သဏ္ဍန် အပေါ်ကို ပြန်ဦးမော့ဖို့အချိန်ကာလတွေ ကြန့်ကြာနေတဲ့ recession ပါ။ အချိန်တော်တော်ကြာကြာ Crisis ကြီးကို ဖြတ်သန်းပြီးမှ ဖြည်းဖြည်းချင်း စီးပွားရေးအခြေအနေ တိုးတက်လာတဲ့ recession အမျိုးအစားဖြစ်ပါတယ်။ ဒီလို recession အမျိုးအစားပဲ ဖြစ်လာပါစေလို့ ကမ္ဘာတစ်၀န်းက စီးပွားရေးသုံးသပ်သူတွေက မဆိုးမရွားအခြေအနေကို တောင့်တနေကြပါတယ်။

## L-shape Recession

          L-shape Recession ကတော့ တစ်ကမ္ဘာလုံးမဖြစ်ဖို့က ကြောက်နေကြတဲ့ စီးပွားရေးအနေအထားပါ။ L မျည်းကြောင်းအတိုင်း စီးပွားရေးက တောက်လျှောက်ကျလာတယ်အောက်ခြေ L ခြေထောက်မှာ ဆယ်စုနှစ်နီးပါး စီးပွားရေး graph တန့်သွားပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့depression ပါရစေနိုင်တဲ့ အနေအထားပါ။L-shape Recession ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတွက် ရေရှည် အထိနာစေနိုင်တဲ့ recession မျိုးဖြစ်လာနိုင်တာမို့ အစိုးရကော ပညာရှင်တွေကပါ သုံးသပ်ပြီး မဖြစ်ဖို့ရေး အားလုံးကြိုးစားနေကြပါတယ်။

## Recession တွေကြား အထိအနာဆုံးက ဘယ်သူတွေဖြစ်မလဲ?

          မပြောပဲ အားလုံးတွေ့မြင်နေရတဲ့ အထိနာတဲ့ business sector တွေကတော့ Travel,Entertainment,Hotel အစရှိတဲ့ sector တွေ အားလုံးပိတ်ထားရတယ်ဆိုတာ သိထားကြမှာပါ။ Travel တွေဆိုလဲဘယ်လိုမှရှေ့ဆက်မရတဲ့ အအနေအထားမှာရှိတယ် Entertainment ဆိုလဲ ရုပ်ရှင်ရုံတွေ ဖျော်ဖြေရေးရုံတွေ အကုန်ပိတ်ထားရတဲ့အနေအထားနယ်ဝေးခရီးသွားသူတွေ လက်ခံတည်းခိုခွင့် မပေးခိုင်းတော့တဲ့ hotel တွေအများကြီးရှိနေကြပါတယ်။ဒါပေမယ့် ဒီအချိန်ဟာ covid-19 ကပြုသမျှ နုရမယ့် သူလုပ်တိုင်း ပြိုလဲသွားရမယ့် business ဆိုတာမျိုး ဖြစ်မလာဖို့စိတ်ဓာတ်ရေးရာကော Skill ရေးရာမှာ strong တဲ့ business owner တွေဖြစ်နေဖို့လိုပါတယ်။

## ဒါဆို အထိနာဆုံး business တွေထဲ ကိုယ်ကပါနေသည့်တိုင် ဘာတွေပြင်ဆင်ထားရမလဲ?

          သင်ဟာ Travel and Tourism industry ထဲက လုပ်ငန်းရှင်တစ်ယောက်ဖြစ်မယ်ဆို သင့် customer တွေနဲ့ social media ပေါ်ကနေ အဆင်အသွယ်မပြတ်ဖို့လုပ်ထားရပါမယ်။ဒီအချိန်ဟာ လူတိုင်းက ခရီးထွက်ဖို့ပြင်ဆင်ထားချိန်ပါ သင်္ကြန်ပိတ်ရက်မှာ အားလုံးက အပန်းဖြေခရီးထွက်ချင်ကြပါတယ်။ လူတိုင်းရုံးပိတ်ရက်မှာ အပန်းဖြေဖို့ တာဆူနေချိန်မှာ ကပ်ဆိုးကြီး ဆိုက်ရောက်လာတော့ဆန္ဒတွေကို အောင့်အီးနေနေရတဲ့အချိန်ပါ။ အခုမှ business တွေအတွက် အဖိုးတန် if စပါပြီ။

          If အကယ်လို့ကပ်ဆိုးကြီးပြီးသွားခဲ့ရင် အောင့်အီးထားမျှ feeling တွေကို ပွင့်အန် ခရီးထွက်မယ့်သူတွေအတွက်ကိုယ့် travel and tourက ဘယ်လိုပြင်ဆင်ထားမှာလဲ အဲ့ဒီအချက်ကအရမ်းအရေးကြီးပါတယ်။ နောက်ပြီး social media မှာ customer တွေနဲ့အဆင်အသွယ်မပြတ်ဖို့ content တွေကို ဒီအချိန်မှာအားပေးတင်နေရမှာပါ။ အိမ်တွင်းမှာပဲ map နဲ့ ဘယ်လိုခရီးသွားမလဲ camp လုပ်ဖို့ ဘာပစ္စည်းတွေ ဆောင်ရမလဲအစရှိတာတွေဟာ content တွေကို အများဆုံး စားသုံးချိန် ကိုယ့် customer တွေနဲ့ ထိတွေ့ဖို့အကောင်းဆုံးပါ။ Entertainment ထဲက လုပ်ငန်းရှင်တစ်ယောက်ဖြစ်မယ်ဆို ကိုယ့် club or movie theater အစရှိသည်ကို digital ပေါ်ကနေ live လွှင့်ပြီး အဆက်မပြတ် customer တွေနဲ့engage လုပ်ထားပါ။  
             DJ တွေ online ပေါ်ကနေ audience တွေအတွက် တီးခတ်ပေးတာ Movies တွေကို website နဲ့membership တင်ရောင်းတာ အားလုံး digital ပေါ်မှာတင်ထားလို့အကောင်းဆုံးပါပဲ။ Health and Care sector ဟာဒီအချိန်မှာ digital ပေါ် အရွေ့ပြောင်းသင့်ဆုံးအနေအထားပါ။အခုဆို Covid-19 နဲ့ပတ်သက်သမျှ ကျန်းမာရေး website တွေ ရောဂါရှိမရှိ မေးမြန်းနိုင်တဲ့ online chat bot တွေ online service doctor တွေ အားလုံးဟာ ဒီအချိန်မှာ အလုပ်ဖြစ်ဆုံး audience အမေးအများဆုံး sector ပါ။ဒီအချိန်မှာသာ ကိုယ့်ရဲ့ဆေးရုံ ဆေးခန်း website or social page မှာ active ဖြစ်ဖြစ်လှုပ်ရှားထားမယ်ဆို ကပ်ဆိုးပြီးချိန် digital behaviors နဲ့အသားကျနေတဲ့ customer တွေဟာကိုယ့်လုပ်ငန်း ကိုယ့် ဆေးခန်းကို အမြဲအမှတ်တရ ရှိနေတော့မှာပါ။

          အဆုံးသတ် ပြောရမယ်ဆို covid-19 ဟာ အများစုသော business တွေအတွက်အထိနာသွားစေခဲ့ပေမယ့် အထိနာခြင်းကို opportunities လို့မြင်တတ်မယ်ဆိုကိုယ့် business ရဲ့အနာဂတ်ဟာ ကပ်ကြီးပြီးသွားတဲ့အခါ သူများတွေထပ် ရှေ့တပန်းကြိုရောက်နေမယ်ဆိုတာလက်ခတ်မလွဲပါဘူး။

          အပေါ်မှာပြောသွားခဲ့သလိုပဲ digital ပေါ်ကနေ social media ပေါ်ကနေ လုပ်ငန်းတွေအားလုံး ကိုယ့် customer တွေနဲ့ ခါးဆက်မပြတ်သွားစေဖို့ အခြားပြိုင်ဘက်တွေ ရပ်နေချိန် ကိုယ်က social media ပေါ်ကနေ အများဆုံး Customer based ရယူထားနိုင်ဖို့ ဒီအဖြစ်ဆိုးကြီးပြီးသွားတဲ့အခါ ကိုယ့်လုပ်ငန်းက စီးပွားရေးပြန်ထူထောင်ချိန်ကာလမှာ ကိုယ့် customer တွေအတွက် အစအစအရာအရာ ready ဖြစ်စေဖို့ ခုပဲ ကိုယ့်လုပ်ငန်းရဲ့ digital marketing နဲ့ social media page တွေကိုမပြတ် အားစိုက်ရင်း သန်မာတဲ့ brand or business တစ်ခုအဖြစ်  
Crisis ကို ကြံ့ကြံ့ခံ အောင်မြင်အံတုလိုက်ပါ။

Contact us

B360 Digital Marketing & Branding

📲 09453666696

🌐 www.b360mm.com

🏢 No 15, Yankin Street, Sanchaung Township , Yangon

[![inbound lead](https://hubspot-no-cache-na2-prod.s3.amazonaws.com/cta/default/5699425/69c81966-0247-4301-9ddc-76d2eecb7d85.png)](https://hubspot-cta-redirect-na2-prod.s3.amazonaws.com/cta/redirect/5699425/69c81966-0247-4301-9ddc-76d2eecb7d85)

Don't Forget to Share this Post

[![Share on facebook](https://7528309.fs1.hubspotusercontent-na1.net/hub/7528309/hubfs/raw_assets/public/mV0_d-web-default-modules_hubspot/img/facebook-color.png?width=24&name=facebook-color.png)](http://www.facebook.com/share.php?u=https%3A%2F%2Fblog.b360group.com%2Fblog%2Fwhy-your-business-need-digitalmarketing-during-pandemic%3Futm_medium%3Dsocial%26utm_source%3Dfacebook) [![Share on linkedin](https://7528302.fs1.hubspotusercontent-na1.net/hub/7528302/hubfs/raw_assets/public/mV0_d-web-default-modules_hubspot/img/linkedin-color.png?width=24&name=linkedin-color.png)](http://www.linkedin.com/shareArticle?mini=true&url=https%3A%2F%2Fblog.b360group.com%2Fblog%2Fwhy-your-business-need-digitalmarketing-during-pandemic%3Futm_medium%3Dsocial%26utm_source%3Dlinkedin) [![Share on twitter](https://7528304.fs1.hubspotusercontent-na1.net/hub/7528304/hubfs/raw_assets/public/mV0_d-web-default-modules_hubspot/img/twitter-color.png?width=24&name=twitter-color.png)](https://twitter.com/intent/tweet?original_referer=https%3A%2F%2Fblog.b360group.com%2Fblog%2Fwhy-your-business-need-digitalmarketing-during-pandemic%3Futm_medium%3Dsocial%26utm_source%3Dtwitter&url=https%3A%2F%2Fblog.b360group.com%2Fblog%2Fwhy-your-business-need-digitalmarketing-during-pandemic%3Futm_medium%3Dsocial%26utm_source%3Dtwitter&source=tweetbutton&text=) [![Share on pinterest](https://7528311.fs1.hubspotusercontent-na1.net/hub/7528311/hubfs/raw_assets/public/mV0_d-web-default-modules_hubspot/img/pinterest-color.png?width=24&name=pinterest-color.png)](http://pinterest.com/pin/create/button/?url=https%3A%2F%2Fblog.b360group.com%2Fblog%2Fwhy-your-business-need-digitalmarketing-during-pandemic%3Futm_medium%3Dsocial%26utm_source%3Dpinterest&media=)

---

### Related Articles

#### Customers

- [Login](https://www.b360mm.com/contact/)
- [Help Center](https://www.b360mm.com/contact/)
- [Support](https://www.b360mm.com/contact/)

#### Need Help with

- [Sales (Closing)](https://blog.b360mm.com/blog/sale-marketing-branding)
- [Marketing](https://blog.b360mm.com/blog/marketing)
- [Branding](https://blog.b360mm.com/blog/branding-%E1%80%86%E1%80%AD%E1%80%AF%E1%80%90)
- [Social Media](https://www.facebook.com/B360B2B/)
- [Content Creation](https://www.b360mm.com/contact/)
- [Lead Generation](https://www.b360mm.com/contact/)
- [Sales Pipeline Management](https://www.b360mm.com/contact/)
- [B2B & High Ticket Marketing](https://www.facebook.com/B360B2B/)

#### Resources

- [Blog](https://blog.b360mm.com/blog/)
- [Ebook](https://digital.b360mm.com/download_inboundleads)
- [Tools](https://www.b360mm.com/contact/)
- [More...](https://www.b360mm.com/contact/)

#### Contact Detail

 Ph:[+95 9 453666696](tel:+95%209%20453666696),  
      [+95 9 95 2666696](tel:+95%209%2095%202666696)  
 Email: [hello@b360mm.com](mailto:hello@b360mm.com)  
 Address: No.15, Yankin St, Sanchaung Township Yangon

---

Send me the special something!

Copyright @ 2020 B360 Company Limited

Follow Us On