Customer တွေနဲ့ဘယ်လိုဆက်သွယ်မလဲ ?
Written By B360 Team
customer1200-1024x533
(Unicode Version) (Zawgyi Version below)
ယနေ့ခေတ် ဈေးကွက် စီးပွားရေးလုပ်ငန်း နယ်ပယ်တွေမှာ လုပ်ငန်းအသစ်တွေ အများအပြားပေါ်ပေါက်လာတာကို တွေ့ရပါတယ်။ စီးပွားရေးလုပ်ငန်းအသစ်တွေများလာတယ်ဆိုတာ ရှိပြီးသား လုပ်ငန်းတွေအတွက် ပြိုင်ဘက်တွေပိုများလာတယ်ဆိုတဲ့ အချက်ပေးသံပါပဲ။ ဒီလို ပြိုင်ဆိုင်မှုတွေ ကြီးထွားလာတာနဲ့အတူ Customer တွေကို ဆုံးရှုံးရနိုင်ချေလည်း ပိုမြင့်လာပါတယ်။စီးပွားရေးလုပ်ငန်းတစ်ခုမှာ ဒီလိုတွေ မဖြစ်ဖို့ဆိုရင် Customer တွေနဲ့ အမြဲဆက်သွယ်ပြီး ထိတွေ့နေဖို့ထက် အရေးကြီးတဲ့ အရာမရှိပါဘူး။ ဒီလို အရေးကြီးတဲ့ ကိစ္စအတွက် နည်းပညာ အထောက်အကူကို ရယူကာ Customer တွေနဲ့ အရင်ထက်ပိုပြီး လွယ်လွယ်ကူကူ ဆက်သွယ်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လို ဆက်သွယ်ရမလဲဆိုတဲ့ နည်းလမ်းအချို့ကို ဖော်ပြပေးသွားပါ့မယ်။
✅ စစ်တမ်းကောက်ပါ (Surveys)
Customer တွေရဲ့ Needs and Wants တွေကို သိနိုင်ဖို့Survey ကောက်ခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ကိုယ့်စီးပွားရေးလုပ်ငန်းအတွက် တန်ဖိုး မဖြတ်နိုင်တဲ့ အချက်အလက်တွေကို Survey တွေက ရရှိနိုင်ပါတယ်။ မေးခွန်းကောင်းကောင်းမေးနိုင်မယ်ဆိုရင် ပိုကောင်းတဲ့ ဝန်ဆောင်မှုကို ပေးနိုင်မှာဖြစ်ပါတယ်။ ဘယ်လို Information အမျိုးအစားကိုမဆို စုဆောင်းဖို့အတွက် Survey ကောက်ခြင်း နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ Survey တွေက Customer ကို အလေးထားဂရုစိုက်ကြောင်း ခံစားရစေနိုင်တာဖြစ်လို့Cutomer မဆုံးရှုံးရဖို့အတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
‍‍‍‍‍✅ Products နဲ့ Services အသစ်များ အကြောင်းကြားစာ ပေးပို့ပါ။
(Newsletters)Customer တွေက ကိုယ်အသုံးပြုနေတဲ့ ပစ္စည်း၊ ဝန်ဆောင်မှုတွေအကြောင်းကို သိချင်ကြပါတယ်။ အသစ် ပြောင်းလဲပြုပြင်ထားတဲ့ ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေအကြောင်းကို အသိပေးတဲ့အနေနဲ့ လုပ်ငန်း ဒါမှမဟုတ် ဝန်ဆောင်မှုအကြောင်း ဖော်ပြတဲ့ မိတ်ဆက် စာတိုလေးတွေ မကြာခဏ ပို့ပေးနေဖို့လိုပါတယ်။ တစ်နှစ်မှာ အနည်းဆုံး စာတို ဆယ်စောင်ခန့် ပို့ပေးသင့်ကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။ တချို့customer တွေက စာကို အပြည့်အစုံဝင်ရောက် မဖတ်နိုင်တာကြောင့် စာပို့တဲ့အခါ ခေါင်းစဉ်က ဘယ်လို အကြောင်းအရာမျိုးကို အသိပေးချင်လဲဆိုတာကို ဖတ်လိုက်တာနဲ့ တန်းသိနိုင်ဖို့လိုပါတယ်။ ခေါင်းစဉ်အပြင် စာတိုမှာလည်း လိုရင်း၊တိုရှင်းနဲ့ ဖတ်ရန်ကြာချိန် ၅ စက္ကန့်ဝန်းကျင်သာ ရှိသင့်ကြောင်း Entrepreneurship in a Box Website မှာ အကြံပြုထားပါတယ်။
‍‍‍‍‍‍✅ ဘလော့ကို အသုံးချပါ။ (Blogs)
Customer တွေကို Blog ကတဆင့် ဆက်သွယ်တဲ့ နည်းလမ်းကလည်း ထိရောက်ပါတယ်။ Customer နှင့် Prospect တွေရဲ့ Activities တွေ စောင့်ကြည့်လို့ရပါတယ်။ ဒီလို ဆက်သွယ်ဖို့အတွက် ကိုယ့် Blog က အမြဲ Active ဖြစ်နေဖို့ ၊ အရည်အသွေးကောင်းတဲ့ Content မျိုးတွေ ပုံမှန် တင်ပေးဖို့ လိုပါတယ်။ ဒီ Content တွေကတဆင့် Customer တွေနဲ့အပြန်အလှန် အဆက်အသွယ်ရှိနေစေမှာ ဖြစ်ပါတယ်။ IT Company တစ်ခုပဲဖြစ်ဖြစ်၊ အရောင်းအဝယ်လုပ်ငန်းပဲဖြစ်ဖြစ် ဘယ်လို စီပွားရေးလုပ်ငန်း အမျိုးအစားမဆို Blog ကနေ ဆက်သွယ်ခြင်းက ထိရောက်မှုရှိတဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
‍‍‍‍‍‍
‍‍‍‍‍‍✅ တိုက်ရိုက်ဖုန်းခေါ်ဆိုပါ။ (One-on-One Phone Calls)
Customer တိုင်းက တိုက်ရိုက်ဖုန်းခေါ်ဆိုမှုတွေကို လက်ခံပြီး ပြန်လည် ဖြေကြားမှာ မဟုတ်ပေမယ့် အနည်းငယ်ကတော့ လက်ခံ ဖြေကြား နိုင်ချေရှိပါတယ်။ အသိပေးစာတိုလိုမျိုး အသိပေးလိုတဲ့ အကြောင်းအရာကို အချိန်တိုတို အတွင်းမှာ အကြမ်းဖျင်းနားလည်အောင် ပြောပြနိုင်ရပါမယ်။ တိုက်ရိုက်ဖုန်းခေါ်တဲ့နည်းက Customer ဘက်ကသာ ဖုန်းကိုဖြေကြားခဲ့မယ်ဆိုရင် Customer Feedback ကို တိုက်ရိုက်ရနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။
‍‍‍‍‍
‍‍‍‍‍‍✅ ကြော်ငြာအသစ်များ အပတ်စဉ်တင်ပေးပါ (Post Weekly Ads)
ပစ္စည်းများများ ရောင်းထွက်ချင်တဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ Websites တွေနဲ့ Social Media တွေမှာ ကြော်ငြာပိုစ့်များကို အပတ်စဉ်တင်ပေးတာက Customer တွေအများဆုံးနဲ့ အမြန်ဆုံး သိနိုင်မှာဖြစ်ပါတယ်။ ကြော်ငြာတွေကို Email ရော Social Medial ရော၊ Dogital Channel တွေမျှုပီး Implement လုပ်ရပါမယ်။
‍‍‍‍‍‍
‍‍‍‍‍‍✅ Email များကို တတ်နိုင်သမျှမြန်မြန် Reply ပြန်ပါ (Be Responsive to Emails)
Email တွေနဲ့ ဖုန်းခေါ်ဆိုမှုကို တတ်နိုင်သမျှ ဖြေကြားပေးပြီး Customer တွေနဲ့ ထိတွေ့မှုကို ထိန်းသိမ်းပေးရပါမယ်။ Email ကို ဂရုတစိုက် ပြန်လည်ဖြေကြားခြင်းက Customer ဆီက အမှတ် ပိုရနိုင်ပြီး ကိုယ့် Brand အပေါ် သစ္စာရှိ Customer တွေကို လွတ်မသွားအောင် ထိန်းထားပေးမှာ ဖြစ်ပါတယ်။
‍‍‍‍‍‍
‍‍‍‍‍‍✅ မွေးနေ့ဆုတောင်းစာများ ပို့ပေးပါ (Birthday Cards)
စီးပွားရေးလုပ်ငန်းတော်တော်များများက သူတို့ရဲ့Customer တွေဆီကနေ Information တွေကို တောင်းလေ့ရှိကြပါတယ်။ ဒီ Information တွေထဲက အများစုကို Customer Verification နဲ့Delivery ပို့ဖို့အတွက် သုံးကြပေမယ့် Customer Information တွေက Personal Data ဖြစ်နေနိုင်ပါသေးတယ်။ ဒါပေမယ့်Customer အများစုက မွေးနေ့ရက်လို Personal Data မျိုးကို သူတို့ယုံကြည်ရတဲ့ ကုမ္ပဏီကို ပေးလေ့ရှိကြပါတယ်။ အကယ်၍ ဒီလို Personal Information မျိုးကို အသုံးပြုခွင့်ရှိခဲ့မယ်ဆိုရင် မွေးနေ့ဆုတောင်းစာများပို့ပေးခြင်းက Customer တွေကို ဂရုစိုက်ကြောင်း ပြသပေးတဲ့ သွယ်ဝိုက်သော နည်းတစ်မျိုး ဖြစ်ပါတယ်။ ဒီနည်းကလည်း Customer နဲ့ဆက်သွယ်ရမှာ ထိရောက်တဲ့ နည်းဖြစ်ပါတယ်။
‍‍‍‍
အခြားနည်းလမ်းများအနေနဲ့ Social Media မှာ Active ဖြစ်အောင်နေခြင်း၊ ကုန်စည်ပြပွဲများတွင် ပါဝင်ခြင်း၊ မိမိရဲ့ပစ္စည်း၊ ဝန်ဆောင်မှုများအကြောင်း၊ အသုံးပြုနည်းများအကြောင်းကို မကြာခဏ တင်ပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။
‍‍‍‍‍‍
𝗕𝟯𝟲𝟬 𝗗𝗶𝗴𝗶𝘁𝗮𝗹
----------------------------
(Zawgyi Version)
✅ ဘလော့ကို အသုံးချပါ။ (Blogs)
‍‍‍‍‍‍
‍‍‍‍‍
‍‍‍‍‍‍
‍‍‍‍‍‍
‍‍‍‍‍‍
‍‍‍‍‍‍
𝗕𝟯𝟲𝟬 𝗗𝗶𝗴𝗶𝘁𝗮𝗹
inbound lead
Don't Forget to Share this Post
Related Articles