Behaviour-Based Marketing
Written By William Kyaw
Behavior-Marketing-(or)-2
(Unicode Version) (Zawgyi Version below)
Potential Customer (Prospect) တွေက အခြေအနေအမျိူးမျိူးပေါ်မှာ မူတည်ပြီး စိတ်ပြောင်းတတ်ကြတယ်။ ကိုယ်မရှိတဲ့အချိန် ကိုယ့်မျက်ကွယ်မှာ ဘာဖြစ်နေလဲ သိဖို့ခက်ခဲပါတယ်။
Prospect တစ်ဦးချင်းစီရဲ့ အခြေအနေတွေ၊ Behavior တွေ၊ သူတို့ရဲ့ Organization ထဲမှာဖြစ်နေတဲ့ အခြေအနေ Update တွေနဲ့ ပတ်သက်လာရင် သိပြီး၊ သိတဲ့ အချက်အလက်တွေကို အခြေခံပြီး ကိုယ့်ရဲ့ Marketing နှင့် Sales လှုပ်ရှားမှုတွေကို လိုက်ပြောင်းနိုင်မယ်၊ မြန်မြန်ဆန်ဆန် Action ယူနိုင်မယ်ဆိုရင် သင်ဟာ သင့်ပြိုင်ဘက်တွေရဲ့ ရှေ့ကို တစ်လှမ်း ကြိုရောက်နေမှာပဲဖြစ်ပါတယ်။
ဒါ့အပြင် prospect ရဲ့ Emotional Attachment နဲ့ Trust ကိုရရှိနိုင်ကာ ပိုမိုကောင်းမွန်တဲ့ Relationship တွေတည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Behavior လို့ ပြောနေတဲ့ အရာတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့ –
ကိုယ့် Target Audience ရဲ့
• Email နဲ့ ပတ်သက်တဲ့ Behavior တွေ
• Social Post Engagement တွေ
• Web Browsing/Website Visit လုပ်တဲ့ Activities တွေ၊ ဘယ် Product နဲ့ ဘယ် Service တွေကို စိတ်ဝင်တစား ဝင်ကြည့်သွားလဲ။
• ဘယ် URL link တွေကို Click နှိပ် Visitလုပ်သွားလဲ။
• ကိုယ်ပို့လိုက်တဲ့ Quotation၊ Presentation slides နဲ့ Document တွေကို ဖွင့်ကြည့်သလား၊
• ဖွင့်ကြည့်ရင် ဘယ် Slide ကို အချိန် ဘယ်လောက်ပေးကြည့်သွားသလဲ။
စတာတွေကို Tracking လုပ်ပြီး Behavior တွေကို စောင့်ကြည့်လို့ရပါတယ်။ တခြား အချက်အလက်တွေရှိပါသေးတယ်။
Behavior တွေကိုTrackလုပ်ခြင်း Monitoring လုပ်ခြင်းအားဖြင့် အောက်ပါအချက်တွေကို သိရှိနိုင်ပါတယ် ။
1. ကိုယ်လိုက်နေတဲ့ Project/Deal အခြေအနေ
2. Project/Deal နဲ့ ပတ်သက်တဲ့ Contact တွေ Decision Maker တွေရဲ့ အခြေအနေ behavior တွေ
1. ကိုယ်လိုက်နေတဲ့ Project/Deal အခြေအနေ
ကိုယ်လိုက်နေတဲ့ Project ရဲ့ Stage က quotation တွေ collect လုပ်တဲ့ stage မှာပဲရှိနေတာလား။ Review လုပ်နေပြီလား။ Decision ချဖို့ ကြိုးစားနေပြီလားဆိုတဲ့ Project behavior တွေကို စောစောသိနိုင်လေလေ လုပ်ငန်းအတွက် အကြိုးရှိလေပဲ ဖြစ်မှာပါ။ ဒီလို behavior တွေကို သိအောင် ကြိုးစားပြီး သိတဲ့အတိုင်း ကိုယ့်ရဲ့ Digital Marketing Activities တွေ လိုက်ပြောင်းတာကို Behavior-based Marketing လို့ခေါ်နိုင်တယ်။
ဥပမာ ။ ကိုယ်က quotation ပို့ထားတယ်၊ တစ်လ၊ နှစ်လ ကြာသွားပြီ။ ဘာမှ update မရှိဘူး။ ဘာမှလဲ ပြန်မပြောဘူး။ ဒါပေမယ့် ဒုတိယလ ရောက်မှ Customer ဘက်မှာ ဒီ Project ပြန်စဖို့ စဉ်းစားလာပြီဆိုရင် သိနိုင်တာမျိုးပါ။
2. Project/Deal နဲ့ ပတ်သက်တဲ့ Contact တွေ Decision Maker တွေရဲ့ အခြေအနေ behavior တွေ
ကြုံဘူးကြမှာပါ။ ကိုယ့် Potential Customer (Prospect) က ပထမပိုင်းမှာ (Product 1) ကိုစိတ်ဝင်စားနေပြီး နောက်တစ်ရက် နောက်တစ်ပတ်လောက်အကြာမှာ နောက် Product တစ်ခုကို (Product 2) ပြောင်းပြီး စိတ်ဝင်စားနေတာမျိုး။
ဥပမာ ။ ကိုယ့် Prospect က Product (1) နဲ့ပတ်သက်တဲ့ Website Page တွေ၊ Facebook Post တွေကို ကြည့်နေရာကနေ၊ Product (2) နှင့် ပတ်သက်တာတွေ ပြောင်းပြီးကြည့်လာတာမျိုး ရှိနိုင်ပါတယ်။
Prospect တွေက ဒီလိုသူတို့ရဲ့ interest ပြောင်းသွားတာ ကိုယ့်ကို မပြောပြတတ်ကြပါဘူး။ အတိုချူံးပြောရင် သူဘာကြိုက်သလဲဆိုတာ မသိတော့ ကိုယ့်ရဲ့ Marketing နဲ့ Sales Activities တွေ မှားနိုင်ပါတယ်။ Behavior-Based Marketing ကိုသုံးရင်တော့ Customer တော်တော်များများရဲ့ အပေါ်မှာပြောထားခဲ့တဲ့ Digital Behavior တွေပေါ်အခြေခံပြီး ကိုယ်ရဲ့ Digital Marketing Activities တွေ Sales Activities တွေကို အချိန်ကိုက် လိုက်ပါ ပြောင်းလဲနိုင်မှာပဲ ဖြစ်ပါတယ်။
ကိုယ်အသုံးပြုတဲ့ Solutionအပေါ်မှာ မူတည်ပြီး Behavior ပြောင်းတဲ့အလျှောက် Marketing Activities တွေ အလိုအလျှောက် ပြောင်းလဲသွားအောင် လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ တချို့ Solution တွေ၊ မိမိဝယ်ယူအသုံးပြုလိုတဲ့ Software Platform version/License အလိုက် Fully Automatic ၊ Semi-Auto နဲ့ Manual များတာတွေ ကွာဟနိုင်ပါတယ်။
Don’t forget to share this post!
---------------------------------
(Zawgyi Version)
inbound lead
Don't Forget to Share this Post
Related Articles